Hokkien Prawn Mee

Hokkien လူမျိုးခေါက်ဆွဲ (ခေါက်ဆွဲ) ဟုလည်းသိကြသည့် အဆိုပါခေါက်ဆွဲမွှေကြော်ကို ရနံ့မွှေးကြိုင် သည့် ဝက်ရိုးများနှင့် ပုစွန်ခေါင်းများနှင့် ရော၍ ပြုလုပ်ပြင်ဆင်ထားသည်။ခေါက်ဆွဲအဝါဖတ်များနှင့် (ဂျုံခေါက်ဆွဲ) တွင် ပါဝင်သည့် အနှစ်များသော ပုစွန်များ၊ ပြည်ကြီးငါး၊ ဝက်ဗိုက်သားအမြှောင်းများ၊ ကြက်ဥနှင့် ကြွပ်ဆတ်သောဝက်ဆီဖက် (စိတ်ကြိုက်) တို့သည် ပိုမိုကောင်းသော အရသာတိုင်းကို...

Fried Carrot Cake

မုန်လာဥဆီကြော်မုန့်ဟာ အရောင်မပါရှိပဲ အဖြူနှင့်အမည်း နှစ်မျိုးရနိုင်တဲ့ အရသာရှိတဲ့ အစားအသောက်ပဲဖြစ်ပါတယ်။ဒါကိုအရသာရှိပြီး မွှေးပျံ့တဲ့အပြင် ချိစ်ခရင်မ်နဲ့ မွမ်းမံထားတဲ့ သရေစာအချိုပွဲမုန်လာဥနီကိတ်နဲ့မမှားလိုက်ပါနဲ့ ။ ဒီအရသာရှိတဲ့မုန်လာဥမုန့်မှာ မုန်လာဥနီမပါတဲ့အပြင် အဝါရောင်လည်းမရှိပါဘူး။တကယ်တော့ ဒီကိတ်ကိုပြုလုပ်ရာမှာ အဓိကလိုအပ်တာတွေဖြစ်တဲ့ ဆန်မှုန့်နဲ့ မုန်လာဥဖြူပဲလိုတာပါ။ဆန်မှုန့်နဲ့မုန်လာဥဖြူရောထားတဲ့ အရာကို ပေါင်းပြီးတဲ့နောက် အထပ်အထပ်လေးတွေဖြစ်အောင်လှီးပြီး ကြက်သွန်ဖြူ၊ကြက်ဥနဲ့ ချိုင်းပေါ့ လို့ခေါ်တဲ့ မုန်လာဥခြောက်ကို...

Kaya Toast

ကာယာပေါင်မုန့် သည် ပြင်းပြင်းရှရှ သကြားအရသာနှင့် ကျွတ်ကျွတ်ရွရွ မြည်သံကလေးများကို အချိုးကျနစွာ ပေးစွမ်းနိုင်သောကြောင့် အချိုကြိုက်နှစ်သက်သူများအတွက် အလွန်တရာသက်တောင့်သက်သာအဖြစ်ဆုံးသော အစားအစာပင်ဖြစ်သည်။ အုန်းသီးများ၊ ကြက်ဥများဖြင့် ပြုလုပ်ရာမှရရှိသည့် ကာယာယို ၁ ဇွန်းနှင့် ထောပတ်ခပ်အေးအေးတို့ကို လိမ်းကျံထားသည့် မီးသွေးမီးဖြင့်ကင်ထား၊အပူပေးထားသော ပေါင်မုန့်ချပ်သည် ဒေသထွက်ကော်ဖီ သို့မဟုတ် လက်ဖက်ရည်...

Roti Prata

Roti ရိုတီမှာ ပေါင်မုန့်ကို ဆိုလိုပြီး Prata ပရာတာ သို့ ပရာသာ မှာ အပြားဟု ဟင်ဒီဘာသာစကားတွင် အဓိပ္ပာယ်ရသည်။ အိန္ဒိယနိုင်ငံ၊ ပန်ချပ်ပြည်နယ်မှ မူလလက်ဟောင်း ဂျုံမုန့်ချပ်ဝိုင်းကြော်ပြုလုပ်နည်းမှ ထွက်ပေါ်လာသော မုန့်ပင်ဖြစ်သည်ဟု ယူဆသူများရှိသည်။ သို့သော်မလေးရှားနိုင်ငံ တာရိုးတလျောက်တွင်မူ ထိုပေါင်မုန့်ပြားကို ရိုတီကနိုင်းဟု ခေါ်ကြသည်။...

Rojak

အရောင်မည်မည်းညစ်ညစ်နှင့် စေးကပ်သော ဤအသုပ်သည် မြင်မြင်ချင်းနှစ်လိုဖွယ်ကောင်းချင်မှကောင်းပေမည်။ သို့သော် ဤအံ့ချီးဖွယ်ဟင်းလျာကို စားကြည့်လိုက်ပါ။ ၎င်း၏ အချိုအရသာနှင့် လေး၍ အမွှေးအကြိုင်ကဲသည့် အရသာတို့ ပေါင်းစပ်ထားသည့် အံ့ဖွယ်အရသာကြောင့် သင်အံ့သြဘနန်းဖြစ်သွားမည်ဖြစ်သည်။ Rojak ဆိုသည်မှာ မလေးစကားတွင် “နှံ့စပ်လှသည့် အရသာပေါင်းစုံအရော” ဟု အဓိပ္ပာယ်ရသည်။ ၎င်းဟင်းလျာသည် ထိုနာမည်နှင့်ကွက်တိပင်ဖြစ်သည်။ ၎င်းတွင်...

Chilli Crab

ဂဏန်းအစပ်ဟင်းသည် ဂဏန်းမွှေကြော်၏ အရည်ရွှမ်းသောအသားအတွင်းသို့ စိမ့်ဝင်သည့် မွှေးကြိုင်သောဟင်းအနှစ်ဖြင့် မှန်ကန်ကောင်းမွန်သောအရသာများကို ထိရောက်စွာပေးစွမ်းနိုင် သည်။ ဂဏန်းသည်ကွဲပြားသော်လည်း ဆော့စ်သည် အဓိကဖြစ်ပြီး ချိုမြိန်မွှေးကြိုင်၍ ဟင်းခတ်အမွှေးအ ကြိုင်အနည်းငယ်ထည့်ကာ ထူးကဲကျေနပ်မှုကို ပေးစွမ်းနိုင်သည်။ စားသုံးသူအနေဖြင့် ဂဏန်းအခွံများကို လက်ချောင်းများဖြင့် ဖွင့်ခွာရမည်ဖြစ်ပြီး ၎င်းတစ်ခုလုံးအား လျှာဖြင့်လျက်၍ စားသောက်နိုင်သည်။ကမ္ဘာတွင်ကျော်ကြားသော အဆိုပါဟင်းလျာကို (၁၉၅၆)...

Nasi Lemak

'နာဇီလမ’-Nasi Lemak သည် မွှေးကြိုင်သောအုန်းနို့ထမင်းဖြစ်ပြီး စားေကာင်းေသာ ငရုတ်ချဉ်ပါဝင်ကာ ပို၍အရသာကောင်းကောင်းပေးနိုင်သည်။‘နာဇီလမ’-Nasi Lemak ကို မလေးဘာသာစကားမှ အင်္ဂလိပ်ဘာသာစကားသို့ဘာသာပြန်လျှင် ‘ပြည့်စုံကြွယ်ဝသောထမင်း’ ဟုအဓိပ္ပါယ်ရသည်။ ‘ထမင်း’သည် အရသာပြည့်စုံကြွယ်ဝမှုကို မဖော်ညွှန်းသော်လည်း အုန်းနို့ခရင်မ်သည် အလွန်ချိုမြိန်သောအရသာကို ပေးစွမ်း သည်။ ထမင်းတွင် အနံ့အရသာများရောနှောထားပြီး အုန်းနို့နှင့် ဆပ်သွားဖူးရွက်များဖြင့်နှပ်ထားသည့် အနံ့မွှေးကြိုင်သောထမင်းကို...

Laksa

Laksa တွင် ဟင်းခတ်အမွှေးအကြိုင်နှင့် အုန်းနို့အညီအမျှပါဝင်ပြီး ထူးကဲသော အရသာ ကိုပေးစွမ်းသည့် ခေါက်ဆွဲပြုတ်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် မန်းကျည်းသီး အရသာပါသောPenang Laksa မှ Sarawak Laksaကဲ့သို့ ဟင်းလျာအထိ Laksaအမျိုးမျိုးရှိသည်။ သို့ရာတွင် ဒေသထွက်အစားအစာဖြစ်သည့် Local Katong Laksa ထက် ပိုမို နာမည်ကြီးသည့်...

Fish Head Curry

ငါးခေါင်းဟင်း - အဆိုပါမွှေးကြိုင်သောဟင်းလျာသည် ဟင်းသီးဟင်းရွက်များနှင့် ငါးခေါင်းတစ်ခုလုံးဖြင့် ချက် ပြုတ်ထားသော စိတ်ဝင်စားဖွယ်ဟင်းလျာချက်ပြုတ်နည်းတစ်မျိုးဖြစ်သည်။နီရဲနေသောငရုတ်ဟင်းအနှစ်ပတ်လည်တွင် ဖောင်းကားနေသောငါးပါးများနှင့် ငါးမျက်လုံးများကို မြင်တွေ့ နိုင်သည်။ငါးခေါင်းဟင်းသည် စင်ကာပူနိုင်ငံတွင် တမူထူးခြားသောပြိုင်ဘက်ကင်းဟင်းလျာဖြစ်ပြီး စံထားရ လောက်သည့် ယဉ်ကျေးမှုဆိုင်ရာဟင်းလျာဖြစ်သည်။ အဆိုပါဟင်းလျာတွင် အိန္ဒိယတောင်ပိုင်း ဟင်းခတ်အမွှေးအကြိုင်များကို ငါးခေါင်းရောနှောချက်ပြုတ်ထားပြီး တရုတ်လူမျိုးများအကြိုက် အရသာကောင်းမွန်သည့်စားသောက်ဖွယ်ဟင်းလျာဖြစ်သည်။

Chicken Rice

စင်ကာပူနိုင်ငံ၏ စားသောက်ဖွယ် - အရသာရှိသောကြက်ဆီထမင်း ကို ပုံမှန် စားေသာက်တန်းများရောင်းချသည့်မြို့လယ်နေရာမှ အဆင့်မြင့်စားသောက်ဆိုင်များအထိ ထမင်းဆိုင်တိုင်းနီးပါးတွင် ရရှိနိုင်သည်။ အနှစ်များများအဆီရွှမ်းရွှမ်းဖြင့်ချက်ထားသောကြက်သားကို စားသောက်တန်းတွင် သေသပ်သပ် ရပ်စွာ စီတင်ထားသည့် ဟိုင်နမ်ကြက်ဆီထမင်း ကို စင်ကာပူနိုင်ငံ၏ ဟင်းလျာများထဲမှ တစ်ခုအဖြစ် တွေ့မြင်နိုင်ပါ သည်။စင်ကာပူစတိုင်လ် ကြက်ဆီထမင်း ာချက်ပြုတ်နည်းသည် ၎င်းအား စတင်ချက်ပြုတ်ခဲ့သည့် ဟိုင်နမ်ဒေသခံ...

Follow us

3,952FansLike

Latest news