NTU Arts Center

ပြပွဲများ၊ လူထုပရိုဂရမ်များ၊ တရားဝင်လုပ်ငန်းအခြေစိုက်ရာနေရာများနှင့် သုတေသန ပရိုဂရမ်များမှတဆင့် ခေတ်သစ်ပန်းချီအနုပညာကို တက္ကသိုလ်ပန်းချီအနုပညာသုတေသနစင်တာက ခွဲခြမ်းစိ်တ်ဖြာ၍ လေ့လာသည်။ ပန်းချီအနုပညာအား ခရေစေ့တွင်းကျ အရသာခံဆန်းစစ်နိုင်မည့် အမြင်ရှုထောင့် ၁ ရပ်အတွက်မူ စင်္ကာပူခေတ်သစ်ပန်းချီအနုပညာစင်တာ NTU (NTU CCA စင်္ကာပူ) သို့ တခါတခေါက် အလည်ဝင်ခဲ့ပါ။ ထိုသုတေသနစင်တာသည်...

Victoria Theatre and Concert Hall

Victoria Theatre and Concert Hallဗစ်တိုးရီးယားကဇာတ်ရုံနှင့်ဖျော်ဖြေတင်ဆက်ရေးခန်းမပြန်လည်ဖွင့်လှစ်သည့်အချိန်မှစ၍ လေးနှစ်တာပြင်ဆင်မွမ်းမံမှုပြုလုပ်ပြီးနောက် ပထမဆုံးဂီတဖျော်ဖြေပွဲကို ၂၀၁၄ သြဂုတ်လတွင် တရားဝင်ကျင်းပခဲ့သည်။ စင်ကာပူနိုင်ငံအနုပညာတင်ဆက်မှုတော်ဝင်ခန်းမဆောင်၊ စင်ကာပူသံစုံတီးဝိုင်းအဖွဲ့(အက်စ်အက်စ်အို)တည်ရှိရာနေရာသည် မူလကထိုကဲ့သို့ဖျော်ဖြေတင်ဆက်ပွဲများပြုလုပ်ရန်ရည်ရွယ်၍ဆောက်လုပ်ခဲ့ခြင်းမဟုတ်ပါ။ ထိုနေရာကို ၁၈၆၂ ခုနှစ်တွင် ကဇာတ်ရုံပါရှိသောမြို့တော်ခန်းမတစ်ခုအဖြစ်ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖျော်ဖြေပွဲများပြုလုပ်ရန်အတွက် သေးငယ်လွန်းသောနေရာဖြစ်ခဲ့သည်။

National Gallery Singapore

ခေတ်သစ်စင်ကာပူနှင့်အရှေ့တောင်အာရှအနုပညာလက်ရာ လေးစားဖွယ်အထိန်းအမှတ်နေရာနှစ်ခုတည်ရှိရာ စင်ကာပူနိုင်ငံ၏အသစ်လွင်ဆုံးနှင့် အကြီးဆုံးပြတိုက်ရှိရာသို့ ကြွလှမ်းခဲ့ပါ။ စင်ကာပူနိုင်ငံ၏အနုပညာသရဖူတွင် နောက်ဆုံးရတနာတစ်ပါးဖြစ်ပြီး စင်ကာပူနိုင်ငံပြတိုက်သည် နောက်ဆုံးပေါ်ရုပ်သံတင်ဆက်မှုများတည်ရှိရာနှင့် နှိုင်းယှဉ်၍မရသောခေတ်သစ်စင်ကာပူနှင့် အရှေ့တောင်အာရှအနုပညာလက်ရာများစုဝေးရာဖြစ်သည်။ စင်ကာပူနိုင်ငံနောက်ခံသမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ကြီးကျယ်ခမ်းနားသောအနုပညာတို့ကိုရှု့မြင်နိုင်စေရန်စုစည်းတင်ဆက်ထားခြင်းဖြစ်ပြီး ထိုပြတိုက်သည် မသွားမဖြစ်သွားရောက်လေ့လာသင့်သောနေရာတစ်ခုလည်းဖြစ်သည်။ ၁၉ ရာစုမှယခုအချိန်အထိ စင်ကာပူနိုင်ငံ၏အနုပညာလက်ရာ ၈၀၀၀ ကျော်ကိုစုစည်းပြသထားပြီး စင်ကာပူနိုင်ငံနှင့်အရှေ့တောင်အာရှ၏တန်ဖိုးမဖြတ်နိုင်သောအနုပညာ လက် ရာ...

NUS Museum

စင်ကာပူနိုင်ငံတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ အာရှတိုက်အနုပညာနှင့်ရှေးဟောင်း ပစ္စည်းများပြသထားရာနေရာသို့ ထဲထဲဝင်ဝင်လာရောက်လေ့လာလိုက်ပါ။ အကယ်၍သင်သည် စင်ကာပူနိုင်ငံနှင့်၄င်းဒေသ၏နောက်ခံသမိုင်းကို ကြိုးစားရှာဖွေချင်လျှင် စင်ကာပူနိုင်ငံတက္ကသိုလ်ရှိပြတိုက်တွင် သေးငယ်သော်လည်းအသိအမှတ်ပြုဖွယ်ရာဖြစ်သော အာရှတိုက်အနုပညာနှင့်ရှေးဟောင်း ပစ္စည်းများကို စုစည်းတင်ဆက်ထားပါသည်။

Gillman Barracks

ဂစ်လ်မန် ဘားရက် Gillman Barracks မည်သော ဗြိတိသျှ စစ်ခြေစိုက်စခန်းဟောင်းသည် ယခုအခါ အာရှတိုက်၏ ခေတ်သစ်ပန်းချီလက်ရာတို့အတွက် အလည်အပတ်သွားရောက်ရမည့် နေရာသစ်တစ်ခု ပင်ဖြစ်သည်။ အတိတ်ပုံရိပ်လွှာ - ဗြိတိသျှတပ်မတော်၏ ကျော်ကြားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီး ဆာ ဝပ်(ဘ်) ဂဲလ်မန် အားအမည်စွဲပြုထားသည့် ဂစ်လ်မန် ဘားရက်...

ArtScience Museum

ArtScience Museum သိပ္ပံအနုပညာပြတိုက်မှာ ကမ္ဘာလှည့်ခရီးသွားတွေကိုဖမ်းစားနိုင်တဲ့ ကမ္ဘာ့အဆင့်အတန်းမှီပြသမှုများကို ပြသထားပါတယ်။နာမည်နဲ့လိုက်အောင်ပင် Marina Bay မာရီနာသဲပြင်ကျယ်ပင်လယ်ကွေ့မှာရှိတဲ့ သိပ္ပံအနုပညာပြတိုက်ဟာ သိပ္ပံပညာနဲ့ အနုပညာကို လှပကောင်းမွန်စွာပေါင်းစပ်ထားတဲ့ သဘောတရားတွေ ကို သဘောပေါက်စေပါတယ် ။ ကမ္ဘာ့အဆင့်အတန်းမီပြတိုက်ရှိရာနေရာဟာ အဓိကကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်နိုင်တဲ့အတွက်အမေရိကန်သဘာ၀သမိုင်းပြတိုက်၊Smithsonian Institute စမစ်ဆိုနီယမ် လူမှုအဖွဲ့အစည်းနဲ့ ကမ္ဘာ့အသိအမှတ်ပြု ဒီဇိုင်နာ Herman...

Singapore Art Museum

စင်ကာပူအနုပညာပြတိုက်သည် အရှေ့တောင်အာရှခေတ်ပေါ်အနုပညာကို အသားပေးသည့် စင်ကာပူနိုင်ငံ၏ ခေတ်ပေါ်အနုပညာပြတိုက်ဖြစ်သည်။စင်ကာပူနှင့် အရှေ့တောင်အာရှခေတ်ပေါ်အနုပညာလုပ်ငန်းကို အဓိကထားသည်။ ၎င်းသည် ပြတိုက်မှူး၏ တီထွင်မွမ်းမံမှုဖြင့် ခေတ်ပေါ်အနုပညာအရပ်ရပ်ကို အားပေး၊ ပြသသည်။၁၉၉၆ ခုနှစ် ဇန်နဝါရီလက စတင်ဖွင့်လှစ်ခဲ့သည့် စင်ကာပူအနုပညာပြတိုက် (SAM) သည် အရှေ့တောင်အာရှ၏ အရေးပါဆုံးခေတ်ပေါ်အနုပညာစုစည်းမှုတစ်ခုဖြစ်လာသည်။ ပန်းချီ၊ ပန်းပုမှ တပ်ဆင်မှုအနုပညာ (ခေါ်)...

National Design Centre

National Design Centre အမျိုးသားဒီဇိုင်းဗဟိုဌာနသည် ဒီဇိုင်းအမျိုးအစားအားလုံးအတွက် ဗဟိုဌာန ဖြစ်သည်။ ယင်းဌာနသည် ဒီဇိုင်းချစ်သူများကို ရင်ခုန်သံမြန်စေမည့် ဒီဇိုင်းပြပွဲများ၊ အခမ်းအနားများနှင့် အစီအစဥ်များကို လက်ခံကျင်းပသည်။အမျိုးသားဒီဇိုင်းဗဟိုဌာန (NDC) သည် သာမန်ဒီဇိုင်းဝါသနာအိုးများကိုပင် ဆွဲဆောင်စေ့ဆော်နိုင်သည့် ဒီဇိုင်းပြပွဲများ၊ ဒီဇိုင်းပညာများနှင့် အရင်းအမြစ်များ စုဝေးကိန်းအောင်းရာ နိုင်ငံ့ရတနာသိုက်ဖြစ်သည်။ သင့်အနေဖြင့် လုပ်ငန်းတစ်ခုကို...

Esplanade – Theatres on the Bay

စင်ကာပူ၏ အထင်ကရ အနုပညာဗဟိုအဆောက်အအုံတွင် အသင့်ပြင်ဆင် စီစဉ်ထားသည့်ကမ္ဘာ့အဆင့်မီမနားတမ်းသီဆိုဖျော်ဖြေတင်ဆက်မှုများကိုခံစားကြည့်ပါ။အက်စ်ပလန်နိတ်(Esplanade)ကဇာတ်ရုံတွင် ခေတ်ပေါ်တေးဂီတသံစဉ်များ အမြဲပျံ့လွင့်နေပြီး ထိုကဇာတ်ရုံတွင် စင်တင်ကပြတင်ဆက်နေသည့် ကမ္ဘာ့အဆင့်မီ ကပြဖျော်ဖြေပွဲများသော်လည်းကောင်း၊ အဓိကဝင်ပေါက်နားက အလွန်စိတ်လှုပ်ရှား ပျော်ရွှင်စေမည့် ကပြမှုများကသော်လည်းကောင်း၊ အမြဲစဉ်ဆက်မပြတ်တိုးတက် ပြောင်းလဲနေပြီး စီးဝင်နစ်မြောသွားစေနိုင်အောင် ဖန်တီးထားသော ထိုဂီတ တေးသွားများက သင့်ကိုအလွယ်တကူ ကူးစက်လွှမ်းမိုးသွားမည်ကို သင်တွေ့ရှိပါလိမ့်မည်။ တင်ဆက်ပြသသော...

Follow us

6,202FansLike

Latest news