ပြပွဲများ၊ လူထုပရိုဂရမ်များ၊ တရားဝင်လုပ်ငန်းအခြေစိုက်ရာနေရာများနှင့် သုတေသန ပရိုဂရမ်များမှတဆင့် ခေတ်သစ်ပန်းချီအနုပညာကို တက္ကသိုလ်ပန်းချီအနုပညာသုတေသနစင်တာက ခွဲခြမ်းစိ်တ်ဖြာ၍ လေ့လာသည်။ ပန်းချီအနုပညာအား ခရေစေ့တွင်းကျ အရသာခံဆန်းစစ်နိုင်မည့် အမြင်ရှုထောင့် ၁ ရပ်အတွက်မူ စင်္ကာပူခေတ်သစ်ပန်းချီအနုပညာစင်တာ NTU (NTU CCA စင်္ကာပူ) သို့ တခါတခေါက် အလည်ဝင်ခဲ့ပါ။ ထိုသုတေသနစင်တာသည် နန်ယန်းနည်းပညာတက္ကသိုလ် (NTU) ၏တက္ကသိုလ်အဖွဲ့အစည်းတွင် ပါဝင်နေပေသည်။

ပြတိုက်မှူးများနှင့် ဧည့်သည် ပန်းချီဆရာများ၏ ဟောပြောပွဲများ ၊ စတူဒီယိုခန်းမများ၊ ရုပ်သံဖြင့်တင်ဆက်ပြသမှုများ၊ တိုက်ရိုက်တင်ဆက်မှုများ၊ ပြပွဲများ အပါအဝင် ခေတ်သစ်ပန်းချီအနုပညာနှင့်ပတ်သက်သည့် အခမ်းအနားအစီအမံများကို ၄င်းက ပုံမှန်စီစဉ်တင်ဆက်လေ့ရှိသည်။ အခမ်းအနားစီမံဆောင်ရွက်သူများက နာမည်ရပြီးသည့် နိုင်ငံတကာ ပန်းချီပညာရှင်များနှင့် ပြည်တွင်း ပန်းချီပညာရှင်များအား တစ်ဦးနှင့် တစ်ဦးမိတ်ဆက်ပေးကြပြီး ပြပွဲတစ်ခုချင်းစီ၌ အများပြည်သူ တွေ့ဆုံပွဲများ ပါဝင်ပေသည်။ ထိုအများပြည်သူတွေ့ဆုံပွဲများက ပြပွဲများအား ပိုနားလည်သဘောပေါက်စေမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here