Pongal ဆိုသည်မှာ အိန္ဒိယရိုးရာ ကောက်ရိတ်သိမ်းပွဲတော်ပင်ဖြစ်ပြီး တစ်နှစ်တာကုန်လွန်သွားတော့မည့် စိတ်ဝင်စားဖွယ်ရာ အရိပ်လက္ခဏာ များကိုပေးစွမ်းကာ ကျေနပ်နှစ်သိမ့်စေပါသည်။ အသက်ပေးသူ နေနတ်ဘုရား စူရာ အား တောင်သူလယ်သမားများမှ ကျေးဇူးအောင်းမေ့သည့်အနေဖြင့် Pongal ပွဲတော်အား အများအားဖြင့် အိန္ဒိယတောင်ပိုင်း၌ ၄ ရက်တိုင်တိုင် ကောက်ပဲ သီးနှံပေါများပါစေကြောင်းဆုတောင်းကာ ကျင်းပလေ့ရှိသည်။

‘Mattu Pongal’ဟုခေါ်သည့် တတိယနေ့တွင်မူ ကျွဲနွားများကို ဂုဏ်ပြုကြသည်။ ဟိန္ဒိူဘာသာရေးတွင် နွားများသည် အလေးအမြတ်ထားရမည့် သတ္တဝါများဖြစ်ကြသည်။လယ်ထွန်ပေးခြင်း၊ နို့ရည်ပေးခြင်း ကဲ့သို့သော နွားများပြုလုပ်ပေးသည့် အလုပ်များကို အမှတ်ရစေရန်အတွက် နွားများကို ဆေးကြောသန့်စင်ပေးခြင်း၊ ၄င်းတို့၏ ဦးချိုများအား ဆေးသုတ်ပေးခြင်းစသည်တို့ကို ပြုလုပ်ပေးသည်။ ထိုနောက် ရောင်စုံပုတီးများ၊ တလွင်လွင် မြည်ဟီးနေသည့် ခေါင်းလောင်းကလေးများနှင့် ပန်းခွေများကို ၄င်းတို့၏လည်ပင်း၌ စွပ်ကာ အထူးပြုလုပ်ထားသည့် မုန့်များကို ကျွေးမွေးကြသည်။

‘Kannum Pongal’ဟု ခေါ်သည့် နောက်ဆုံးနေ့သည် လူအဖွဲ့အစည်းနှင့် လူအား ဆက်လက်၍ စိတ်ဓာတ်ခွန်အားပြည့်စေသည့် ဆက်နွယ်မှုတို့ မျှသာဖြစ်သည်။ ငယ်ရွယ်သည့် မိသားစုဝင်များက မိမိတို့ထက် အသက်အရွယ်ကြီးမားသူတို့၏ ဆုတောင်းမေတ္တာပို့သမှုကို ခံယူသည်။မြေပိုင်ရှင်၊အိမ်ပိုင်ရှင်များက ၄င်းတို့၏ အလုပ်သမားများအား အဝတ်အထည်၊အစားအစာနှင့် ပိုက်ဆံအချို့ပေး ကမ်း စွန့်ကြဲကြသည်။ ဆုတောင်းဂါထာရွတ်ဆရာများဖြင့် စီမံကာ ဘုရားကျောင်းများ၌ အလှူဒါနများပြုလုပ်ကြသည်။

လယ်ယာလုပ်ငန်းဘဝဖြစ်ရိုးဖြစ်စဉ်များ၏ သက်ရောက်မှုရှိနေသော်လည်း ရာစုနှစ်ပေါင်းများစွာကြာအောင် အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ကျင်းပလာခဲ့သည့် ဘဝနေထိုင်မှုပုံစံတမျိုးနှင့် ကြွယ်ဝသည့် ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်ကို ပွန်ဂဲလ်က ဧည့်သည်များအား လှစ်ပြနိုင်ခဲ့သည်သာဖြစ် သည်။

SHARE
Previous articleVesak Day
Next articleRiver Hong Bao Festival

LEAVE A REPLY

Please enter your comment!
Please enter your name here