Pulau Sakijang Bendera, ခေါ်  Saint John’s စင်ဂျွန် ကျွန်းဟာ စင်ကာပူတောင်ပိုင်းကျွန်းတွေထဲက တစ်ခုဖြစ်ပါတယ်။စင်ကာပူနိုင်ငံတည်ရှိရာကျွန်းရဲ့တောင်ဘက် ၆.၅ကီလိုမီတာအဝေးမှာတည်ရှိပါတယ် ။

Saint John’s ကျွန်းဟာ၁၉ရာစုအတွင်းကျူးကျော်နေထိုင်သူအချို့မှာဖြစ်ပွားနေတဲ့ကာလဝမ်းရောဂါသည်တွေကို ထားရှိခဲ့ပါတယ်။၁၉၀၁ ခုနှစ်မှာ ကိုယ်လက်နာရောဂါသည်တွေကိုလည်း ထားရှိခဲ့ပါတယ်။၁၉၃၀ ရောက်တဲ့အခါမှာတော့ Saint John’s  ကျွန်းဟာ အာရှရွှေ့ပြောင်းနေထိုင်သူများနှင့် မက္ကာမြို့မှခရီးသွားများကိုရောဂါကုသထိန်းသိမ်းရာနေရာအဖြစ် ကမ္ဘာ့အသိအမှတ်ပြုဖြစ်လာခဲ့ပါတယ် ။အဆိုပါ ရောဂါကုသရေးနေရာဟာ လက်ပရိုစီ ကဲ့သို့သော အခြားရောဂါသည်များကိုပါ ထိန်းသိန်းစောင့်ရှောက်ရာနေရာဖြစ်ခဲ့ပါတယ်။အမြောက်အမြားရွှေ့ပြောင်းနေထိုင်မှုတွေအပြီး ၂၀ရာစုနှစ်မှာတော့ ရာဇဝတ်သင့်အပြစ်သားတွေနဲ့ မူးယစ်ဆေးစွဲနေသူများကို ကုသရာနေရာဖြစ်တဲ့ပြီးနောက် အခုအချိန်မှာတော့လုံး၀ကို ခြားနားသွားခဲ့ပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here