TANGS နှင့် Robinsons စတိုးဆိုင်တို့သည် နောက်ဆုံးပေါ်ဖက်ရှင်၊ အိမ်တွင်းသုံးပစ္စည်း၊ အလှအပနှင့် အသုံးအဆောင်ပစ္စည်းများကို ရောင်းချ ပေးသောကုန်ပဒေသာစတိုးဆိုင်များဖြစ်ပြီး ယင်းတို့၏ ခေတ်ရှေ့ပြေးပုံစံမှာ ယင်းတို့၏ ချမ်းသာကြွယ်ဝသော အတိတ်ကာလကိုပင် ထင်ဟပ်ဖော်ပြနေသည်။ TANGS နှင့် Robinsons ကို (၁၉၃၂) ခုနှစ်နှင့် (၁၈၅၈) ခုနှစ်တို့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဒဏ်များ၊ သေနတ်ပစ်ခတ်မှုဒဏ်များနှင့်  ဗုံးပေါက်ကွဲမှုဒဏ်များနှင့် စစ်ပွဲဒဏ်ကို ခံနိုင်ကာ ယနေ့တိုင် စင်ကာပူနိုင်ငံ၌ လက်လီလက်ကားရောင်းချပေးနေသည့်မြင်ကွင်းမှာ ကြီးကျယ်သောဂုဏ်ပုဒ်များ ဖြစ်လာ သည်။

(၁၉၂၃) ခုနှစ်တွင် Tang Choon Keng သည် တရုတ်နိုင်ငံမှ စင်ကာပူနိုင်ငံသို့ သံဗူးတစ်ဗူး၊ ဇာနှင့် ချည်ပိတ် ထည့်ထားသောသားရေစနှင့် အိပ်မက်စိတ်ကူးတစ်ခုသာလွဲ၍ မည်သည့်အရာမှမပါပဲ ရောက်ရှိလာခဲ့သော်လည်း ထိုသူသည် လန်ချားကို ငှားပြီး သူ၏ ကုန်ပစ္စည်းများကို ကိုယ်တိုင်ပို့၍ လှည့်လည်ရောင်းချသည်။ အားသွန်ခွန်စိုက်လုပ်ရသည့် အလုပ်ဖြစ်သော်လည်း Tang သည် ထိုနည်းအားဖြင့် လက်လီလက်ကားရောင်းချသည့်လောကတွင် မျိုးစေ့ချ စိုက်ပျိုးခဲ့သည်။

နောက်ပိုင်းလုပ်ငန်းတိုးချဲ့မှုကိုထပ်မံပြုလုပ်ခဲ့သည်။ Robinsons တွင် (၁၉၅၀) ခုနှစ်ကာလများ၌ အခြားကုန်ပဒေသာစတိုးဆိုင်ဖြစ်သည့် John Little နှင့် UK မှ နာမည်ကြီး Marks & Spencer ဆိုင်တို့ ပါဝင်ခဲ့သည်။ “အရှေ့ဘက်တွင် ခန့်ညားလှပဆုံးဆိုင်” ဟူသော ဂုဏ်သတင်းမှာ ကျော်ဇောလှသည်။ သို့ရာတွင် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ (၁၉၇၂) ခုနှစ်တွင် Raffles Place ရှိ အထင်ကရအဆောက်အဦးမှာ အကြီးအကျယ်မီးလောင်မှုကြောင့် ပျက်စီးခဲ့ရသည်။

စတိုးဆိုင်ပြန်ဖွင့်ရန်အတွက် အချိန်ကြာကြာမစောင့်ဆိုင်းခဲ့ရပါ။ တစ်လအကြာတွင် စတိုးဆိုင်အသစ်ကို Orchard လမ်းပေါ်ရှိ  Shopping Centre တွင် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထိုဆိုင်သည် (၁၉၈၃) ခုနှစ်တွင် ဆယ်စုနှစ် (၃) ခုထက် ကျန်ရှိခဲ့သော Centrepoint ၏ အဓိကမှီခိုအားထားရာနေရာဖြစ်လာခဲ့ပြီး Raffles City(၂၀ဝ၁)၊ JEM (၂၀၁၃) နှင့် The Heeren (၂၀၁၃) တွင် ဆိုင်များဖွင့်လှစ်ခြင်းနှင့်အတူ ကျွန်းတစ်ကျွန်းအနှံ့ ရောက်ရှိသည်အထိ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

Robinsons ဆိုင်အနေဖြင့် ယခုအခါ ဆိုင်သည် သီးသန့်နာမည်ကြီးကုန်ပစ္စည်း (၂၀ဝ) ကျော်ရှိသည့် Heeren ခြောက်ထပ်စလုံးတွင် ကြီးကျယ်ခမ်းနားသောအတွင်းပိုင်းအပြင်အဆင်ဖြင့် ဝင့်ကြွားလျက်ရှိသည်။ ထိုနေရာတွင် ဖက်ရှင်၊ အလှအပနှင့် ပြည်တွင်းဖြစ်ကုန်ပစ္စည်းများသည်နိုင်ငံတကာမှ ပြည်တွင်းအထိ ခေတ်မီဆန်းပြားသောကုန်ပစ္စည်းများမှ အလွယ်တကူရနိုင်သော ကုန်ပစ္စည်းများနှင့်အတူ လွှမ်းမိုးလျက်ရှိသည်။ ဈေးဝယ်ထွက်သူများအနေဖြင့် Sergio Rossi တွင် ဒီဇိုင်နာဖိနပ်များပေါ်သို့ ချော်နိုင်ပြီး တုန်လှုပ်စရာကောင်းသောအပ်ချည်များအတွက် ပြင်သစ်တံဆိပ် The Kooples သို့ခုန်ကျော်နိုင်သည် (သို့မဟုတ်) Ling Wu နှင့် Reckless Ericka ကဲ့သို့ ပြည်တွင်းဖြစ်တံဆိပ်များမှ ပြည်တွင်းဖက်ရှင်ကို စစ်ဆေးကြည့်နိုင်သည်။ ဈေးဝယ်ထွက်သူများအား ကျယ်ပြန့်သောလက်လီလက်ကားဝယ်ယူသည့်အတွေ့အကြုံမျိုးကို ပေး စွမ်းနိုင်ရန်အတွက် အကောင်းဆုံးဝယ်ယူမှုများကို ဆောင်ရွက်ကူညီပေးနိုင်သော ကိုယ်တိုင်ဈေးဝယ်ထွက်သည့် ဝန်ဆောင်မှု ပင်ရှိသည်။

ဆိုင်သည် လက်ရှိတွင် ပြောင်းလဲပြုပြင်ထားသော်လည်း Robinsons သည် ယင်း၏ အရင်းအမြစ်တို့ကို အမှတ်ရနေ သေးသည်။ စင်ကာပူနိုင်ငံ၏ အမျိုးသားပြတိုက်နှင့် အမျိုးသားအမွေအနှစ်အဖွဲ့အစည်းတို့ ပူးပေါင်း၍ အမွေအနှစ်ပစ္စည်း ဆိုင်ကို Heeren ၏ ငါးထပ်မြောက်တွင် ဖွင့်လှစ်ခဲ့ပြီး စက်ဘီးများနှင့် Tea set များကဲ့သို့ ထုတ်လုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို ပြသထားသည်။ ထိုဆိုင်တွင် Raffles Place ရှိ မူလစတိုးဆိုင်တံဆိပ်အမည်ရှိသော ကုန်ပစ္စည်းတို့ကိုလည်း ရောင်းချပေးလျက်ရှိသည်။ ဈေးဝယ်ထွက်သူများအနေဖြင့် အိမ်သို့ ကြွေရည်သုတ်ထီးများ၊ လက်ကိုင်အိတ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်လာခြင်းဖြင့် ထိုစတိုးဆိုင်၏ (၁၅၉) နှစ်ရှိပြီဖြစ်သော သမိုင်းကြောင်းတစ်ပိုင်းတစကို ယူဆောင်လာခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here